You are here

Company Overview

ကုမ္ပဏီ သမိုင်းအကျဉ်း

“Naing-Naing Trading” ကုမ္ပဏီလိမိတတ်သည်စတင်ထူထောင်သည့် ၂၀၀၁ ခုနှစ်မှစတင်၍ အုပ်ချုပ်မှု ဒါရိုက်တာနှင့် တည်ထောင်သူ ဦးမျိုးမြင့်၏ ဦးဆောင်ညွန်ကြားမှုအောက်တွင် ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်ရေးနှင့် သက်ဆိုင်သောနယ်ပယ်အရပ်ရပ်တွင် အများလေးစား အသိအမှတ်ပြု လုပ်ငန်းစုကြီးအဖြစ် စဉ်ဆက်မပြတ် ကြီးထွားဖွံ့ဖြိုးလာခဲ့ပါသည်။ “Naing-Naing Trading” ကုမ္ပဏီလုပ်ငန်းစုသည် စက်ရုံများ၊ သိုလှောင်ရုံများနှင့် ဖြန့်ဖြူးရေးဆိုင်ရာအခြေခံအဆောက်အဦး အမျိုးမျိုးတို့ဖြင့် အိမ်ဆောက်သံထည်ပစ္စည်း၊ အိမ်မိုးသွပ်ပြား၊ ဘိလပ်မြေစသည့် ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုးတို့ကို မြန်မာနိုင်ငံအနှံ့အပြားရှိ ဈေးကွက်များသို့ နှစ်ပေါင်းများစွာ အတွင်း အောင်မြင်စွာထုတ်လုပ်တင်သွင်းဖြန့်ဖြူးပေးလျက် ရှိပါသည်။ တို့ပြင် ပြည်တွင်းပြည်ပမှ ကုမ္ပဏီများနှင့်လည်း ခိုင်မာသော ရင်းနှီးသောဆက်ဆံရေးဖြင့် ယုံကြည်အားကိုါ်ရသော မိတ်ဖက်များအဖြစ်လက်တွဲလုပ်ကိုင်လျက်ရှိပါသည်။ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊ စီမံခန့်ခွဲမှုကျွမ်းကျင်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုးံပစ္စည်းများ၏ အသက်အသွေးကြောဖြစ်သော အရည်အသွေး အထူးမြင့်မားခြင်း၊ လုံခြုံရေး အစီအမံများထားရှိခြင်းနှင့် လိုအပ်သောစံနှုန်းများကို ပြည့်မီစွာထုတ်လုပ်နိုင်ခြင်းကြောင့် မှာယူသုးံစွဲသူများက “Naing-Naing Trading” ၏ ဆောက်လုပ်ရေး ပစ္စည်းများကို အားကိုးယုံကြည်စွာဖြင့် သုးံစွဲလျက်ရှိပါသည်။